top of page

ကွန်ကရိ ဖျော်စပ်ရာတွင် လောင်းထည့်သည့် ရေလုံဆေးရည် နဲ့ (၂)မျိုးစပ်ဘိလပ်မြေ အခြေခံရေလုံဆေး - ဘာကွာလဲ (Waterproofing Admixture VS Cementitious Waterproofing)

Hai Thi

ရေစိမ့်ဝင်မှု လျှော့ချဆေးရည်နှင့် ရေလုံဆေး တို့၏ ကွာခြားချက်များ


APT 850WT သည် ကွန်ကရိ ဖျော်စပ်ရာတွင် လောင်းထည့် အသုံးပြုရသည့် ကွန်ကရိ ရောဖျော် ရေလုံဆေးရည် ဖြစ်ပြီး ကွန်ကရိ structure တစ်ခုလုံးကို ရေစိမ့်ဝင်မှု လျှော့ချပေးနိုင်သည့် အာနိသင်ရှိသည်။


အခြားသော ဘိလပ်မြေ အခြေခံ ရေလုံဆေးများ (APT AquaCem 200 Flex ၊ APT AquaCem 100 ) နှင့် ရေလုံသုတ်ဆေး (APT Roof Guard Classic) တို့ သည် ကွန်ကရိ မျက်နှာပြင်အပေါ်တွင် အလွှာ တစ်ခုအနေဖြင့် အသုံးပြုရသည့် ရေလုံဆေးများဖြစ်ပြီး အောက်ခံ ကွန်ကရိ structure အတွင်းထိ ရေမဝင်ရန် ကာကွယ်ပေးကြသည်။​


  • 850WT ကို အဆောက်အအုံအသစ် ဆောက်လုပ်ရာတွင် အများဆုံး အသုံးပြုပြီး အဆောက်အအုံ အုတ်မြစ်ချခြင်း၊ မြေအောက်ခန်းနှင့် ရေဆင်း နေရာများ ကွန်ကရိ လောင်းရာတွင် အသုံးပြုနိုင်သည်။

  • 850WT အသုံးပြုခြင်းဖြင့် ကွန်ကရိ အရည်အသွေးမြင့်စေပြီး ကွန်ကရိ အတွင်း ရေစိမ့်ဝင်မှုကို လျှော့ချပေးသည်။

သို့ရာတွင် ရေနှင့် အမြဲ တိုက်ရိုက် ထိတွေ့ပြီး စိုထိုင်းမှု မြင့်မားသော နေရာများ (ဥပမာ - အမိုးစလပ်၊​ ရေချိုးခန်း၊​ ရေကူးကန်)​ တို့တွင် ကွန်ကရိရောဖျော် ရေလုံဆေးရည် တစ်မျိုးထဲဖြင့် မလုံလောက်ပါ။


  • အောက်ခံကွန်ကရိ structure အတွင်းထိ ရေမဝင်ရန်ကာကွယ်ပေးသည့် ဘိလပ်မြေ အခြေခံ ရေလုံဆေး (သို့) ရေဆေးအခြေခံ ရေလုံသုတ်ဆေးများအသုံးပြုပေးရန် လိုအပ်ပါသည်။

  • ကွန်ကရိ တွင် အက်ကြောင်းများ ဖြစ်ပေါ်နိုင်ခြင်း ၊ ကွန်ကရိ ၏ သက်တမ်း တစ်ခုတွင် အကျုံ့အကြွ ရှိခြင်း နှင့် ရေဖိအား ဒဏ်များ ၊ ရာသီဥတု ဒဏ်များ မှ ကာကွယ်ရန် ရေလုံဆေး သုတ်ပေးခြင်းများ ပြုလုပ်ပေး ရန် လိုအပ်သည်။


ကွန်ကရိ ရောဖျော်ဆေးရည်နှင့် အခြားသော ရေလုံဆေးများအကြောင်း ပိုမိုသိရှိလိုပါက Aung Pyitan သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။



Phone (or) Viber

09 881 881 420



 
 
 

Comments


© 2024 by Aung Pyitan 

  • Facebook - Grey Circle
  • LinkedIn - Grey Circle
bottom of page