top of page

ကွန်ကရိလမ်း တွေမှာ ဘာကြောင့် joint ဖြတ်ကြလဲ ? Concrete Roads & Joints

Hai Thi

Joint များကို ကွန်ကရိလမ်းများ ကြံ့ကြံ့ခံနိုင်ရန် ၊ ကြာရှည်စွာ အသုံးပြုနိုင်ရန်နှင့် အက်ကွဲကြောင်းများ မဖြစ်စေရန်အတွက် ဖြတ်ကြပါသည်။


ကွန်ကရိ လမ်းပေါ်ရှိ သီးသန့် ချန်ခဲ့သော ဟာကွက် နေရာများကို joint ဟုခေါ်ပြီး ထို joint များ ဖြည့်ရန်အတွက် Special Sealantများ နှင့် ကတ္တရာအခြေခံ ပစ္စည်းများ အသုံးပြုကြသည်။


ကွန်ကရိ joint အမျိုးစား (4) မျိုးမှာ -

(1) Construction Joint - ကွန်ကရိ လောင်းသည့် လုပ်ကွက် တစ်ခုပြီးချိန်နှင့် အချိန်တစ်ခုခြားပြီးမှ မူလ ကွန်ကရိ တေ့ဆက်အဖြစ် ထပ်မံသွန်းလောင်းသည့်အခါ ဖြစ်ပေါ်လာသော အဆက်နေရာ Cold Joint ကို Construction Joint ဟုခေါ်သည်။


(2) Expansion Joint - အဆောက်အဦများ (အထူးသဖြင့် ကြီးမား ရှည်လျားသော အဆောက်အဦ) တွင် ပတ်ဝန်းကျင် ရာသီဥတုကြောင့် ကွန်ကရိ အတွင်း အပူချိန် ပြောင်းလဲမှုများ ဖြစ်ပေါ်ပြီး ပြန့်ကားမှု Stress ဒဏ်ကို ခံနိုင်စေရန် ကြိုတင် ထားရှိခဲ့သော ကန့်လန့်ဖြတ် အဟ joint ကို Expansion Joint ဟုခေါ်သည်။


(3) Contraction Joint - ကျယ်ပြန့်သော စက်ရုံကြမ်းခင်းများနှင့် ကွန်ကရိ လမ်းများတွင် ကွန်ကရိအတွင်း အပူချိန် ပြောင်းလဲမှုကြောင့် ကျုံ့ကြွမှုနှင့် အက်ကြောင်း ဖြစ်ပေါ်မှုကို လျှော့ချပေးနိုင်ရန် ကွန်ကရိ လမ်း၏ သုံးပုံတစ်ပုံ အနက်ခန့် ဖြတ်တောက်ထားသော Joint များကို Contraction Joint ဟုခေါ်သည်။


(4) ယာဉ်လမ်းကြောင်းနှင့် အပြိုင် သွားနေသော Joint ကို Longitudinal Joint ဟုခေါ်ပြီး ကန့်လန့် ဖြတ် Joint ကို Transverse Joint ဟုခေါ်သည်။


ကွန်ကရိ Joint ဖြတ်ခြင်းက ဘာကြောင့် အရေးကြီးသလဲ?

  1. ကွန်ကရိ အက်ကွဲကြောင်းများကို လျှော့ချပေးနိုင်စေခြင်း။

  2. ကွန်ကရိ လမ်းများ ကြံ့ကြံ့ခံနိုင်ရန် နှင့် ကြာရှည်စွာ အသုံးပြုနိုင်ခြင်း။

  3. ကွန်ကရိ လမ်း ပျက်စီးမှု မရှိသည့်အတွက် ချောမွေ့စွာ မောင်းနှင်နိုင်ခြင်း။

  4. ကွန်ကရိ လမ်း ပြုပြင်ရမှုနည်းသည့်အတွက် ကုန်ကျစရိတ် သက်သာခြင်း။


Aung Pyitan မှရရှိနိုင်သည့် APT အမှတ်တံဆိပ် Joint Sealant နှစ်မျိုးမှာ APT PU Sealant နှင့် APT Igas B ဖြစ်သည်။


အသုံးပြုရမည့် Joint Sealant နှင့် လုပ်ဆောင်ရမည့် နည်းစနစ် အသေးစိတ်ကို Aung Pyitan မှ Engineer များနှင့် ဆွေးနွေး တိုင်ပင်နိုင်ပါသည်။



Phone (or) Viber

09 881 881 420

 
 
 

Comments


© 2024 by Aung Pyitan 

  • Facebook - Grey Circle
  • LinkedIn - Grey Circle
bottom of page